မာတိကာသို့ ခုန်သွားရန်

ကယားလီအက္ခရာ: တည်းဖြတ်မှု မူကွဲများ

ဝီကီပီးဒီးယား မှ
translation of en:Kayah Li alphabet
(ကွဲပြားမှု မရှိ)

၀၇:၂၅၊ ၄ စက်တင်ဘာ ၂၀၂၄ ရက်နေ့က မူ

ကယားလီ
အမျိုးအစား
ဘာသာစကားများကယားဘာသာစကားများ
အချိန်ကာလ
1962–present
လားရာဘယ်မှ ညာ
ISO 15924Kali, 357
Unicode alias
Kayah Li
ယူနီကုတ်အကွာအဝေး
U+A900–U+A92F

ကယားလီအက္ခရာ (ကယားလီ: ꤊꤢꤛꤢ꤭ ꤜꤟꤤ꤬) သည် တရုတ်-တိဗက်နွယ်ဘာသာစကားမိသားစုဝင် ကရင်နွယ်ဘာသာစကားခွဲမှ ကယားဘာသာစကားများဖြစ်သော အရှေ့ကယားလီနှင့် အနောက်ကယားလီ ဘာသာစကားများ ရေးသားရာတွင် အသုံးပြုသော အက္ခရာများ ဖြစ်သည်။ ယင်းဘာသာစကားများကို ကရင်နီဟုလည်း ခေါ်သည်။ အရှေ့ကယားလီဘာသာစကားကို လူဦးရေ ၂၆,၀၀၀ ခန့်နှင့် အနောက်ကယားလီကို လူဦးရေ ၁၀၀,၀၀၀ ခန့်ပြောဆိုအသုံးပြုကြပြီး အသုံးပြုသူများမှာ မြန်မာနိုင်ငံ ကယားနှင့် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံများတွင် နေထိုင်ကြသည်။

သမိုင်းကြောင်း

ကယားလီစာအရေးအသားစနစ်ကို ၁၉၆၂ ခုနှစ် မတ်လတွင် ထဲဘူးဖဲက ဖန်တီးခဲ့သည်။ ၁၉၅၀ နောက်ပိုင်းတွင် လက်တင်အခြေပြုအရေးအသားများ ပေါ်ပေါက်လာခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယင်းအရေးအသားကို ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများရှိ စာသင်ကျောင်းများတွင် သင်ကြားပေးခဲ့သည်။ ကယားလီအရေးအသားသည် ဗြဟ္မီ အရေးအသားနှင့် ဆက်စပ်မှုရှိကာ စာလုံးများ၊ အသွင်သဏ္ဍာန်များမှာ ဆင်တူသည်။ အနည်းဆုံး အက္ခရာကိုးလုံးခန့်မှာ မြန်မာ အရေးအသားနှင့် ဆက်စပ်နေသည်။

သရများ

ꤢꤦ ꤢꤧ ꤢꤨ ꤢꤩ ꤢꤪ
a ô i ò û e u ê o
[a] [ɤ] [i] [o] [ɯ] [ɛ] [u] [e] [ɔ]

Vowels used for loanwords

ꤣꤦ ꤣꤧ ꤣꤨ ꤣꤩ ꤣꤪ
ôû ûe ôu ôê ôo
[ɤɯ] [ɯɛ] [ɤu] [ɤe] [ɤɔ]

Tone markers

ꤢ꤫ ꤢ꤬ ꤢ꤭
high low medial

ဗျည်းများ

k kh g ng s sh zh ny
[k] [kʰ] [ɡ] [ŋ] [s] [sʰ] [ʑ] [ɲ]
t ht n p ph m d b
[t] [tʰ] [n] [p] [pʰ] [m] [d] [b]
r y l w th h v c
[r] [j] [l] [w] [ɕ,θ,s] [h] [v] [tɕ]

ကိန်းဂဏန်းများ

ယူနီကုဒ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ကယားလီ (ယူနီကုဒ် စာလုံးနေရာ)

ကယားလီကို ၂၀၀၈ ခုနှစ် ဧပြီလတွင် ယူနီကုဒ် စံစနစ် ၅.၁ တွင် ထည့်သွင်းခဲ့သည်။ ကယားလီ၏ ယူနီကုဒ်စာလုံးနေရာမှာ U+A900–U+A92F: ဖြစ်သည်။

ကယားလီ[1]
Official Unicode Consortium code chart (PDF)
  0 1 2 3 4 5 6 7 8 9 A B C D E F
U+A90x
U+A91x
U+A92x
မှတ်ချက်
1.^ As of Unicode version 15.1

ဆက်စပ်ဖတ်ရှုရန်

ပြင်ပလင့်ခ်များ

ကိုးကား