Jump to content

Help:ဂူဂယ် စာအုပ်များ: Difference between revisions

From Wikisource
Content deleted Content added
Ninjastrikers (talk | contribs)
auto summary: New page created (no summary given)
 
(No difference)

Latest revision as of 03:46, 4 April 2024

ဂူဂယ် စာအုပ်များ

Shortcut:
H:GB

ဂူဂယ် စာအုပ်များ (Google Books) မှ အများပြည်သူပိုင်အနေဖြင့် ရယူနိုင်သော စာသားများ ဒေါင်းလုပ်ရယူခြင်း လမ်းညွှန်
ဂူဂယ် စာအုပ်

ဂူဂယ် စာအုပ်သည် စာသားစာအုပ်များနှင့် မဂ္ဂဇင်းများအား ဂူဂယ်မှ စကင်န်ဖတ်ပြီး အမြင်အက္ခရာအမှတ်သညာပြုခြင်းနည်းလမ်းဖြင့် စာသားများကို ဒစ်ဂျစ်တယ်ပြောင်းလဲထားသည့် စာအုပ်များအား ရရှိနိုင်သည့် နေရာ ဖြစ်သည်။ "အပြည့်အစုံ ကြည့်ရှုခြင်း" နှင့် "အတိုအထွာ ကြည့်ရှုခြင်း" နှစ်မျိုးဖြင့် ဖတ်ရှုနိုင်ပြီး အချို့သော အများပြည်သူပိုင်စာသားများအား ဒေါင်းလုပ်ရယူနိုင်သည်။

ကြိုတင်သိရှိရန်

[edit]
  1. ဝီကီရင်းမြစ်သည် ပရုပ်ဖ်ဖတ်ရန်အတွက် စာသားအလွှာပါရှိသော DjVu ဖိုင်များကို ���ိုမိုအသားပေးသည်။ ကျေးဇူးပြု၍ အင်တာနက် မော်ကွန်းတွင် DjVu ဖိုင်ရှိနှင့်ခြင်း ရှိမရှိ ဦးစွာ ရှာဖွေပါ။

ဖိုင်ရှာဖွေခြင်း

[edit]
  1. Google Books သို့ သွားပါ။
  2. အလိုရှိသည့် စာအုပ်အား ရှာဖွေပါ။ စာရေးသူအမည်ဖြင့်လည်း ရှာဖွေနိုင်သည်။
  3. ခေါင်းစီးအား ကလစ်နှိပ်ပါ။ စာသားသည် ဒေါင်းလုပ်မရယူနိုင်ပါက ဒေါင်းလုပ်ရယူနိုင်သည့် အခြားမူပွားများအား ရှာဖွေနိုင်ရန် "More editions" ကို နှိပ်ပါ။
  4. ဒေါင်းလုပ်ရယူနိုင်သော တည်းဖြတ်မူများရှိပါက မည်သည့်မူမဆို အလုပ်ဖြစ်ပါသည်။

ပထမ စာမျက်နှာအား ဖျက်ခြင်း

[edit]
  1. ဒေါင်းလုပ်ရယူထားသော ဖိုင်သည် ဂူဂယ်မှ ဖန်တီးထားခြင်း ဖြစ်ပြီး ဂူဂယ်၏ မူပိုင်ခွင့် အခြေအနေအား သီးခြားဖော်ပြထားခြင်းမပါသည့်အတွက် ပထမစာမျက်နှာ (ဂူဂယ်လိုဂိုပါဝင်သော) အား ဖျက်သင့်ပါသည်။

DjVu ဖောမက်သို့ ပြောင်းခြင်း

[edit]
  1. ဖိုင်တည်နေရာအား ရရှိပြီး ဂူဂယ်စာမျက်နှာအား ဖယ်ရှားပြီးပါက ဖိုင်အား အင်တာနက်မော်ကွန်း (Internet Archive) သို့ တင်ကာ DjVu ဖောမက်သို့ ပြောင်းလဲခြင်းနှင့် ပရုပ်ဖ်ခြင်းအတွက် စာသားအလွှာထည့်သွင်းခြင်းများကို ပြုလုပ်ရန် စဉ်းစားပါ။ အကူအညီအတွက် Help:အင်တာနက် မော်ကွန်း/တောင်းဆိုထားသော ဖိုင်တင်ရန်များ တွင် ကြည့်ပါ။

ကိရိယာများ

[edit]