Myanmar Women League 2024 ဒုတိယအကျော့ Week – 8 အပြီး ရန်ကုန်ယူနိုက်တက် ရမှတ်(၁၈)မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေ

0
354

Myanmar Women League 2024 ဒုတိယအကျော့ Week – 8 ပွဲစဉ် အပြီး ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းမှာ ရမှတ်(၁၈)မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခဲ့သည်။

အဆိုပါ Myanmar Women League 2024 ဒုတိယအကျော့ Week – 8 ပွဲစဉ်များ ဇူလိုင်(၁၉)ရက်နေ့တွင် ပြီးဆုံးခဲ့ပြီးနောက် အမှတ်ပေးဇယားရပ်တည်မှု ရလဒ်များထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမှတ်ဇယားရပ်တည်မှုအရ ရန်ကုန်ယူနိုက်တက်အသင်းက (၁၈)မှတ်ဖြင့် အဆင့်(၁), /အား/ကာသိပ္ပံအသင်းက ရမှတ်(၁၇)မှတ်ဖြင့် အဆင့်(၂)၊ ဧရာဝတီယူနိုက်တက်အသင်းက အမှတ်(၁၃)မှတ်ဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေရြသည်။

အလားတူ မြဝတီအသင်းက ရမှတ် (၁၀)ဖြင့် အဆင့်(၄)၊ သစ္စာအားမတ်အသင်ူက ရမှတ်(၈)မှတ်ဖြင့် အဆင့်(၅)၊ YERO အသင်းက ရမှတ်(၃)မှတ်ဖြင့် အဆင့်(၆) ရရှိထားသည်။

သို့သော် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းမှာမူ Myanmar Women League 2024 ဒုတိယအကျော့ Week – 8 ပွဲစဉ် ပြီးဆုံးသည့်တိုင်အောင် ရမှတ် မရရှိသေးဘဲ အုပ်စုအဆင့်အောက်ဆုံးတွင်သာ ရပ်တည်နေရသည်။

ပြိုင်ပွဲအား သုံးကျော့စနစ် (3 Round Robin)အရ ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ပြီး၊ ဒုတိယအကျော့အား ယနေ့ဇူလိုင် (၁၇)ရက်မှ ဩဂုတ် (၂၀)ရက်အတွင်း ပွဲစဉ်(၇)ပွဲ ကစားသွားမည်ဖြစ်သည်။

ယခုနှစ် Myanmar Women League 2024 ပြိုင်ပွဲတွင် မြဝတီအမျိုးသမီးအသင်း၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း၊ သစ္စာအားမာန်အမျိုးသမီးအသင်း၊ အား/ကာသိပ္ပံအမျိုးသမီးအသင်း၊ YREO အမျိုးသမီးအသင်း၊ ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်း (၇)သင်း ပါဝင်ယှဉ်ပြိုင်လျှက်ရှိသည်။


LEAVE A REPLY